စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရှောင်ရွာနှင့် ကျန်းမာရေးကုသခွင့်မရခဲ့သည့် ကျေးရွာ (၇)ရွာသို့ ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရှောင်ရွာနှင့် ကျန်းမာရေးကုသခွင့်မရခဲ့သည့် ကျေးရွာ (၇)ရွာသို့ ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရှောင်ရွာနှင့် ကျန်းမာရေးကုသခွင့်မရခဲ့သည့် ကျေးရွာ (၇)ရွာသို့ တကသများ-ရန်ကုန်နှင့် ကျောင်းသားလက်ရုံးတပ်တော်တို့မှ လှည့်လည်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးကြောင်း သိရသည်။

ကျောင်းသားလက်ရုံးတပ်တော်-SAF အနေဖြင့် အခြေစိုက်ရာ စစ်ဒေသများရှိ ပြည်သူလုထုအား ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆေးခန်းဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း Student Armed Force - ကျောင်းသားလက်ရုံးတပ်တော်က ဆိုသည်။

ကျောင်းသားလက်ရုံးတပ်တော်မှ မေလ ဒုတိယအပတ်အတွင်း၌လည်း ရန်ကုန်တက္ကသိုလ်အခြေစိုက် ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) ၏ ရဲဘော်များနှင့်ပူးပေါင်း၍ စစ်ကိုင်းတိုင်းအတွင်း ၎င်းတို့အခြေစိုက်ရာစစ်ဒေသအတွင်းရှိ ဒေသခံများကို ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများပေးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Student Armed Force - ကျောင်းသားလက်ရုံးတပ်တော်