ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက လုပ်ငန်းအလိုက် ပြောင်းလဲ သတ်မှတ်ထားသည့် Email လိပ်စာများကို အသိပေး ကြေညာ

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက လုပ်ငန်းအလိုက် ပြောင်းလဲ သတ်မှတ်ထားသည့် Email လိပ်စာများကို အသိပေး ကြေညာ

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ဝန်ဆောင်မှုများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် လုပ်ငန်း သတ်မှတ်ချက်များအလိုက် ပြောင်းလဲသတ်မှတ်ထားသည့် ဆက်သွယ်ရန် အီးမေလ်း(Email) နှစ်ခုကို ၂၀၂၄ခုနှစ် မေလ(၁၆)ရက်နေ့က ကြေညာထားသည်။

အစိုးရပိုင်းဆိုင်ရာ နှင့် သံတမန်ရေးရာ၊ ကုလသမဂ္ဂအဖွဲ့အစည်းဆိုင်ရာကိစ္စရပ်များ အပါအဝင် ထိုင်းအစိုးရမှ ပေးအပ်သည့် ပညာသင်ဆုများ၊ ကောင်စစ်ဝန်ကိစ္စရပ်များနှင့် မသက်ဆိုင်သော အခြားရုံးပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်လျှင် [email protected] သို့ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။

ကောင်စစ်ရေးရာ ကိစ္စရပ်များနှင့်သက်ဆိုင်သော ဗီဇာဝန်ဆောင်မှုနှင့်အတူစာရွက်စာတမ်းဆိုင်ရာ တရားဝင်ထောက်ခံပေးခြင်း (legalization services) ပြုလုပ်ခြင်း ၊ ကောင်စစ်ရေးရာအကြံပြုမှုများနှင့် ကောင်စစ် ရေးရာနှင့်ကိစ္စရပ်များကို ပြုလုပ်ပေးနိုင်ရန်အတွက်  [email protected] သို့ ဆက်သွယ်ရမည်ဖြစ်ကြောင်း အသိပေးထားရှိသည်။

◆  အွန်လိုင်းမှတဆင့် ထိုင်းဗီဇာ ရက်ချိန်းယူရမည့် ဝက်ဆိုက်

◆  https://thaiconsularyangon.com/visa/

◆  ထိုင်းသံရုံး၊ ရန်ကုန် တရားဝင်ကြောင်းထောက်ခံစာ (Legalization Service) အတွက် အွန်လိုင်းရက်ချိန်းယူခြင်း

◆  https://thaiconsularyangon.com/legal/

◆  တရားဝင်ကြောင်းထောက်ခံစာ (Legalization Service)အတွက် လိုအပ်သော စာရွက်စာတမ်းများနှင့် ဝန်ဆောင်ခ

◆  https://yangon.thaiembassy.org/en/page/legalization?menu=662629b4e5bd7c120971cc0c