KIA ထိုးစစ်ကိုဟန့်တားရန် မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်ရှိ ဒဘတ်ချောင်းကူးတံတားကို စစ်ကောင်စီမိုင်းခွဲဖျက်ဆီး

KIA ထိုးစစ်ကိုဟန့်တားရန် မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်ရှိ ဒဘတ်ချောင်းကူးတံတားကို စစ်ကောင်စီမိုင်းခွဲဖျက်ဆီး

ကချင်ပြည်နယ်အတွင်း အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်နေသည့် KIA ထိုးစစ်ကို ဟန့်တားရန်အတွက် မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်ရှိ ဒဘတ်ချောင်းကူးတံတားကို စစ်ကောင်စီမှ ၂၀၂၄ခုနှစ် မေလ (၈)ရက်နေ့ ညပိုင်းတွင် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ကချင်သတင်းရင်းမြစ်ထံမှသိရသည်။

ဒဘတ်ချောင်းကူးတံတားသည် ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာအနီးတွင်တည်ရှိပြီး မိုင်း၏ပြင်းအားကြောင့် တံတားအလယ်တွင် အကျယ် (၁)ပေခန့် ပျက်စီးသွားခဲ့ပြီး လတ်တလောတွင် သွားလာရန် မလွယ်ကူကြောင်း သိရသည်။

မြစ်ကြီးနား-ဗန်းမော် ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီစခန်းများကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ ဆက်တိုက်ထိုးစစ်ဆင် သိမ်းပိုက်နေပြီး မေလ (၅)ရက်နေ့တွင် ဝိုင်းမော်မြို့နယ် ကဇူးအနီးရှိ ငါးဂရန်တပ်စခန်းနှင့် ကာကင်းစခန်းများကို သိမ်းပိုက်ခဲ့သည်။

ဗန်းမော်တွင်လည်း (၅)မိုင်ဂိတ်ကို KIAမှ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီမှ လေကြောင်းဖြင့် ပြန်လည်ခုခံလျှက်ရှိကြောင်းသိရသည်။

#TachileikNewsAgency