စစ်ကောင်စီတပ်ဖွဲ့၀င် ၃ဦး လက်နက်အပြည့်အစုံဖြင့် CDF-Hakha ထံအလင်း၀င်

စစ်ကောင်စီတပ်ဖွဲ့၀င် ၃ဦး လက်နက်အပြည့်အစုံဖြင့် CDF-Hakha ထံအလင်း၀င်

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ရုန်းတောင် စစ်ကောင်စီဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦးသည် ၂၀၂၄ခုနှစ် ဧပြီလ ၁၇ရက်နေ့တွင် CDF-Hakha ထံသို့ လက်နက်အပြည့်အစုံဖြင့် အလင်း၀င်လာကြောင်း CDF-Hakha၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ အလင်းဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသည် MA1 သေနတ် ၂လက်၊ MA2 ၁လက်၊ လက်ပစ်ဗုံး ၁၈လုံးနှင့် ကျည်အတောင့် ၁,၀၀၀ တို့ကို ယူဆောင်လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်များနှင့်အတူ အလင်း၀င်လာသော စစ်ကောင်စီတပ်သား ၃ဦးအား CDF-Hakhaမှ ဆုငွေ ကျပ်သိန်း ၅၀စီ ချီးမြှင့်ခဲ့ပြီး၊ လုံခြုံစိတ်ချသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: CDF-Hakha