နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီစခန်းကို မန္တလေး PDF သိမ်း

နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီစခန်းကို မန္တလေး PDF သိမ်း

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်‌ရေးတပ်က ၂၀၂၄ခုနှစ် ဧပြီလ (၁၅)ရက်နေ့ နံနက်ပိုင်းတွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင် အပြီးသတ် သိမ်းဆည်းရရှိခဲ့ကြောင်း မန္တလေး PDFက သတင်းထုတ်ပြန်သည်။

သရက်ကုန်းတိုက်ပွဲအတွင်းသို့ စစ်ကူလာသော စစ်ကူစစ်ကြောင်း (၂)ကြောင်းကိုလည်း ထပ်မံပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ အထိအခိုက် အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားသည်ဟု ဆိုသည်။

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လက်၊ Drone Jammar (၁)ခု၊ ခဲယမ်းအမြောက်အများအပါအဝင် စစ်ကောင်စီတပ်သားအလောင်း (၂၁)လောင်းကို တွေ့ရှိခဲ့သည်ဟု သိရသည်။ 

သရက်ကုန်းကျေးရွာတွင် စစ်ကောင်စီတပ်သည် သာသနာ့နယ်မြေဖြစ်သော စေတီပေါ်နှင့် စာသင်ကျောင်းတွင် အခိုင်အမာ တပ်စွဲခံစစ်ပြင်ထားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

ဧပြီလ (၁၄)ရက်နေ့ ညပိုင်းကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် ပြင်ဦးလွင်မြို့ရှိ DSA ကျောင်းအား ရှော့တိုက်ဒုံးအလုံး(၂၀)ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency

Photo : မန္တလေး PDF