ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ဗီဇာလျှောက်ထားသူများကို တစ်နေ့လျှင် လူဦးရေ (၄၀၀)သာ လက်ခံမည်

 ထိုင်းသံရုံးတွင် လူဦးရေများပြားနေစဉ် Photo: Mo Phoung
ထိုင်းသံရုံးတွင် လူဦးရေများပြားနေစဉ် Photo: Mo Phoung
ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ဗီဇာလျှောက်ထားသူများကို တစ်နေ့လျှင် လူဦးရေ (၄၀၀)သာ လက်ခံမည်
ဖေဖော်ဝါရီ 14, 2024 | အခြားဒေသများ

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားသည့် အရေအတွက်မှာများပြားနေသည့်အတွက် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့ကစပြီး ဗီဇာလျှောက်ထားသူ အရေအတွက်ကို တစ်နေ့လျှင် လူဦးရေ (၄၀၀)သာ လက်ခံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက ထုတ်ပြန်ကြေညာထားသည်။

လာလျှောက်ထားသူများအနေဖြင့် တန်းစီစနစ်ကို ကျင့်သုံးရမည်ဖြစ်ပြီး ရုံးဖွင့်ရက်၏ နေ့စဉ် ရုံးဖွင့်ချိန် မတိုင်မီ နံနက်(၈)နာရီခွဲအချိန်ကစပြီး တုံကင်နံပါတ်ပေးမည်ဖြစ်ကြောင်း အသိပေးထားရှိသည်။

ပြည်သူ့စစ်အမှုထမ်း ဥပဒေကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့က စတင်အတည်ပြုလိုက်ပြီးနောက် ထိုင်းဗီဇာလျှောက်ထားကြသူများမှာ ယခင်ထက် ပိုမို များပြားလာခဲ့ကြောင်း သိရသည်။