ကျိုက်ဒုံမြို့ မိတန်ကျေးရွာ စာသင်ကျောင်းဝန်းကို စစ်ကောင်စီတပ်မှ ဗုံးကြဲသဖြင့် စာသင်ကျောင်းနှင့် နေအိမ်များပျက်စီး

ကျိုက်ဒုံမြို့ မိတန်ကျေးရွာ စာသင်ကျောင်းဝန်းကို စစ်ကောင်စီတပ်မှ ဗုံးကြဲသဖြင့် စာသင်ကျောင်းနှင့် နေအိမ်များပျက်စီး

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့အနီးရှိ မိတန်ကျေးရွာ စာသင်ကျောင်းဝန်းကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့နှင့် (၂)ရက်နေ့တို့တွင် ပေါင်(၅၀၀)ဗုံး (၃)လုံးဖြင့် ကြဲချခဲ့ရာ ကျေးရွာစာသင်ကျောင်းနှင့် လူနေအိမ်တစ်ချို့ ထိမှန်ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ကျိုက်ဒုံမြို့အနီးရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ်နေသဖြင့် ဒေသခံ (၂)သောင်းကျော် တိမ်းရှောင်နေကြရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၂၁)ရက်နေ့ ညပိုင်းတွင် ကျိုက်ဒုံမြို့ အခြေစိုက် ဗျူဟာမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျိုက်ဒုံမြို့အနီးရှိ ပိုးရေးကျေးရွာနေ အသက်(၄၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: Karen National Union