စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်ရှိ စစ်ကောင်စီစခန်း၊ ဆေးရုံ၊ စစ်ဆေးရေးဂိတ်၊ စီးပွားရေးဘဏ်ရုံးတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့နှင့် (၃)ရက်နေ့တို့တွင် လက်နက်ငယ်များအပြင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မြင်းမူမြို့နယ် ထီးဆောင်းရွာရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်း၊ စစ်ကောင်စီတပ်စွဲထားသည့် ဆေးရုံနှင့် ဂိတ်စခန်းတို့အား စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF၊ စစ်ကိုင်းခရိုင် အမှတ်(၆)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း တပ်ခွဲ(၁) - မြေလတ် PDF၊ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း - NRDF၊ မိတ္ထီလာခရိုင် အမှတ်(၃)တပ်ရင်းတို့ ပူးပေါင်းကာ Shar Htoo WAW နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone များဖြင့် Air BOMB (၉)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ (၂)ရက်နေ့တွင် မြင်းမူမြို့ စီးပွားရေးဘဏ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို စစ်ကိုင်းခရိုင် အမှတ်(၄)တပ်ရင်း-MSPDF၊ စစ်ကိုင်းခရိုင် အမှတ်(၆)တပ်ရင်း တပ်ခွဲ(၁)၊ မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်း-မြေလတ် PDF၊ မြင်ခြံခရိုင်တပ်ရင်း အမှတ်(၈) တပ်ရင်း-NRDF၊ Myaung Ranger Force MRF၊ CDSOM၊ မြောင် မြို့နယ်ပလဖ၊ ဒေါင်းညီနောင်၊ CRA ချောင်းဦး၊ Peacock King MMU PDF တို့မှ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ (၁)ရက်နေ့ကလည်း စစ်ကောင်စီတပ်များ တပ်စွဲထားသည့် မြောင်မြို့မရဲစခန်းအား စစ်ကိုင်းခရိုင် အမှတ်(၄)တပ်ရင်း-MSPDF၊ မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်း တပ်ခွဲ(၁)-မြေလတ် PDF၊ စစ်ကိုင်းခရိုင် အမှတ်(၁) တပ်ရင်း တပ်ခွဲ(၃)၊ မိတ္ထီလာခရိုင် အမှတ်(၃) တပ်ရင်း၊ ချောက် PDF၊ CDSOM 007၊ Bomb God၊ မြောင်မြို့နယ် စဖို၊ မြောင်မြို့နယ် ပြည်သူ့ရင်ခွင်တို့ ပူးပေါင်းကာ Shar Htoo WAW နည်းပညာ တိုက်ခိုက်ရေး Fixed Wing Droneများဖြင့် Air BOMB (၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Photo : မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ - MSPDF