ရေဇွာမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေ

ရေဇွာမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေ
နိုဝင်ဘာ 29, 2023 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ် မတူပီမြို့နယ်ရှိ ရေဇွာမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ချင်းအမျိုးသားတော်လှန်ရေးတပ်များထံမှ သိရသည်။

ရေဇွာမြို့ကို ချင်းအမျိုးသားတော်လှန်ရေးတပ်များက ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့က စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာလ (၂၉)ရက်နေ့တွင် မြို့အတွင်း ဝင်ရောက်ထိန်းချုပ်ထားနိုင်သဖြင့် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတချို့ကို ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားပြီး စစ်ကောင်စီဘက်ကလည်း လေယာဉ်နှင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။

ယမန်နေ့ နိုဝင်ဘာလ (၂၈)ရက်နေ့၊ ညနေပိုင်းကလည်း ရေဇွာမြို့ရှိ စစ်ကောင်စီတပ်စခန်းမှ တပ်ခွဲမှုး၊ ဗိုလ်ကြီး တစ်ဦးနှင့် ဒုရဲအုပ်တစ်ဦးအပါအဝင် (၅)ဦးတို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့များထံ လက်နက်ချ အလင်းဝင်လာခဲ့သဖြင့် လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာ(၂၆)ရက်နေ့ကလည်း ရေဇွာမြို့ စစ်ကောင်စီတပ်စခန်းမှ တပ်သားတင်နိုင်ထွေးနှင့် တပ်သားဗန်လာမွေးတို့နှစ်ဦးသည် MA 1 လက်နက်တစ်လက်၊ ဗုံးသီး၊ ခဲယမ်းများယူဆောင်လာပြီး CDF Zotungထံ အလင်းဝင်လာရာ ဆုငွေကျပ် သိန်း(၁၀၀)ချီးမြှင့်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency