ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့၌ လူနေရပ်ကွက်ကို လေကြောင်းမှ ဆက်လက်တိုက်ခိုက်နေသည်။
ယနေ့ နံနက်တွင် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်မီးလောင်သွားကြောင်း သိရသည်။
ယမန်နေ့ကလည်း လွိုင်ကော် ပိုးစာခြံအနီးတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်အမိုးပေါ် ကျရောက်ကာ နေအိမ်အတွင်းမှ အရပ်သားပြည်သူတစ်ဦး သေဆုံးသည့်အပြင် လမ်းသွားလမ်းလာ လူကြီး ၂ ဦးနှင့် ကလေး ၁ ဦးလည်း ဒဏ်ရာရသွားကြောင်း သိရသည်။
လွိုင်ကော်မြို့ရှိ အရပ်သားပြည်သူများအနေဖြင့် လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုမှ အကာအကွယ်ရသည့်နေရာများတွင် နေထိုင်ကြရန် တော်လှန်ရေးအဖွဲ့များက သတိပေးနှိုးဆော်ထားသည်။
#TachileikNewsAgency
Photo:CJ