ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ညမထွက်ရအမိန့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
၁၀၂၇ စစ်ဆင်ရေး အရေးပေါ်ကာလအခြေအနေတွင် နမ့်ခမ်းမြို့နေပြည်သူလူထု လုံခြုံရေးနှင့် စစ်ဘေးအန္တရာယ်မှ ကင်းဝေးစေရန် နမ့်ခမ်းမြို့အား ည(၈)နာရီမှ နံနက်(၆)နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။
အခြေအနေအရပ်အရပ်ကြောင့် သွားလာရန်လိုအပ်ပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ပြီး ဒုစရိုက်မှုနှင့် ရာဇဝတ်မှုများ မကျူးလွန်ရဟု ထုတ်ပြန်ထားသည်။
ထို့အပြင် မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းချ၊ သယ်ဆောင်ခြင်း မပြုရန်၊ စားသောက်ကုန်များ ဈေးမြင့်ရောင်းချခြင်း မပြုရန်နှင့် ထုတ်ပြန်သည့် စည်းကမ်းချက်များအား ချိုးဖောက်ပါက TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#TachileikNewsAgency