ချက်နိုင်ငံတွင်ကျင်းပနေသည့် Forum 2000 Conferenceကို NUG ဝန်ကြီးများနှင့် တိုင်းရင်းသားအဖွဲ့များ တက်ရောက်နေ

ချက်နိုင်ငံတွင်ကျင်းပနေသည့် Forum 2000 Conferenceကို NUG ဝန်ကြီးများနှင့် တိုင်းရင်းသားအဖွဲ့များ တက်ရောက်နေ
အောက်တိုဘာ 16, 2023 | 2021 Military Coup| အခြားဒေသများ

ချက်နိုင်ငံ ပရာ့ဂ်မြို့တွင် "For a Democratic World Order" ခေါင်းစဉ်ဖြင့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်နေသော (၂၇)ကြိမ်မြောက် Forum 2000 Conferenceကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဝန်ကြီးများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ တက်ရောက်နေကြောင်း သိရသည်။

အဆိုပါဖိုရမ်ကို NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ချက်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးလင်းသန့်တို့ တက်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ညီလာခံအစီအစဥ်အတွင်း "Myanmar’s Overlooked Struggle" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲအား ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့်အတူ တိုင်းရင်းသားအဖွဲ့အစည်း ကိုယ်စားလှယ်များကလည်း ဝင်ရောက်ဆွေးနွေးသွားမည်ဖြစ်ကာ ဖိုရမ်သို့တက်ရောက်လာသော အစိုးရကိုယ်စားလှယ်များနှင့်လည်း သီးသန့်တွေ့ဆုံမှုများ လုပ်ဆောင်နေသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းထံမှ သိရသည်။

#TachileikNewsAgency

Photo : Aung Myo Min