မြင်းခြံမြို့နယ်တွင် ကင်းပတ်လာသည့် စစ်ကောင်စီတပ်ကို ပဒေသာမိုင်းဖြင့် မန္တလေး PDF ဖောက်ခွဲတိုက်ခိုက်

မြင်းခြံမြို့နယ်တွင် ကင်းပတ်လာသည့် စစ်ကောင်စီတပ်ကို ပဒေသာမိုင်းဖြင့် မန္တလေး PDF ဖောက်ခွဲတိုက်ခိုက်
အောက်တိုဘာ 14, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်များ၏ ပတ်ကင်းကို ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးခရိုင် အမှတ်(၃)တပ်ရင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အင်အား (၄၀)ပါသည့် အဆိုပါစစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းအား မန္တလေးခရိုင် အမှတ်(၃)တပ်ရင်းမှ ရဲဘော်များသည် ပဒေသာမိုင်း (၇)လုံးတွဲဖြင့် လမ်းခုလပ်တစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိကြောင်း သိရသည်။

မန္တလေးခရိုင် အမှတ်(၃)တပ်ရင်းသည် ပြီးခဲ့သည့် ‌စက်တင်ဘာလ (၂၉)ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ် နဘူးတောကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသည့်နေရာကို ဒရုန်းဖြင့် ဗုံးသီး(၆)လုံးချ တိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်မှလည်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency