မက္ကစီကို ခရီးသည်တင်လေယာဥ်ပေါ် ခြင်အုပ်စု သောင်းကျန်းမှုကြောင့် ခရီးစဥ် ရွှေ့ဆိုင်းခဲ့ရ

မက္ကစီကို ခရီးသည်တင်လေယာဥ်ပေါ် ခြင်အုပ်စု သောင်းကျန်းမှုကြောင့် ခရီးစဥ် ရွှေ့ဆိုင်းခဲ့ရ
အောက်တိုဘာ 14, 2023 | နိုင်ငံတကာသတင်း
By Mr John

မက္ကစီကိုနိုင်ငံ ပြည်တွင်းလေကြောင်းခရီးစဥ် ပျံသန်းသည့် လေယာဥ်တစ်စီးပေါ်တွင် ခြင်အုပ်စု သောင်းကျန်းမှုကြောင့် နာရီအတန်ကြာ ခရီးစဥ်ရွှေ့ဆိုင်းခဲ့ရသည်။ 

အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုတစ်ခုတွင် လေယာဥ်အမှုထမ်းများက ခြင်ဆေးဖြန်းနေရသည်ကို တွေ့ရသည်။ 

မက္ကစီကို အနောက်ပိုင်းရှိ Guadalajara မြို့မှ မက္ကစီကိုမြို့သို့ ပျံသန်းသည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၆) ရက်နေ့ လေယာဥ်ခရီးစဥ်တွင် ထိုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လေယာဥ်အမှုထမ်းများ လေယာဥ်ပေါ်တွင် ခြင်နှိမ်နင်းရေး လုပ်နေရသည်ကို ခရီးသည်တစ်ဦး ရိုက်ကူးခဲ့သည့် ဗီဒီယိုတွင် တွေ့ရသည်။ 

ထိုလေယာဥ်မှာ မူလက အောက်တိုဘာလ (၆) ရက်နေ့ ညနေ (၄) နာရီ (၃၀) မိနစ်တွင် ထွက်ခွာရန်ဖြစ်သော်လည်း ခြင်အုပ်စု သောင်းကျန်းမှုကို ရှင်းလင်းနေရသဖြင့် ‌လေယာဥ်ထွက်ခွာချိန်ကို ည (၇) နာရီအထိ ရွှေ့ဆိုင်းခဲ့ရသည်။

ခရီးသည်တင် လေယာဥ်ပေါ်သို့ ခြင်အများအပြား မည်သို့ ရောက်ရှိလာကြောင်း ရှင်းရှင်းလင်းလင်း မသိရသော်လည်း Guadalajara အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခြင်များ လေယာဥ်ပေါ် ရောက်နေသည့်ဖြစ်ရပ်မှာ ပထမဆုံးအကြိမ် မဟုတ်ဟုဆိုသည်။

 ၂၀၁၉ ခုနှစ်ကလည်း ထိုလေဆိပ်တွင် အလားတူဖြစ်ရပ် ဖြစ်ပွားခဲ့ဖူးကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြသည်။

#TachileikNewsAgency

Source: NY Post