ရုရှားတပ်ဖွဲ့များ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်  ပြောဆို

ရုရှားတပ်ဖွဲ့များ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်  ပြောဆို
By Mr John

ရုရှားတပ်ဖွဲ့တွေက ယူကရိန်းတွင် လူမျိုးတုန်းသတ်ဖြတ်မှုလုပ်ရပ်များ ကျူးလွန်ခဲ့ကြကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောဆိုလိုက်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းလူမျိုးကို ချေမှုန်းပစ်ရန် ကြိုးပမ်းနေခဲ့ကြောင်း ဂျိုးဘိုင်ဒန်က ပြောဆိုခဲ့သည်။ အစောပိုင်းမှာတော့ သမ္မတဂျိုးဘိုင်ဒန်က လူမျိုးတုန်းသတ်ဖြတ်မှုဟု သုံးနှုန်းပြောဆိုခဲ့ခြင်းမရှိဘဲ ရုရှားက စစ်ရာဇဝတ်မှုများ ကျူးလွန်ကြောင်းသာ စွပ်စွဲထားခဲ့သည်။



ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကမူ ထိုအသုံးအနှုန်းကို သုံးနှုန်းရန် တွန့်ဆုတ်မိကြောင်း ပြင်သစ်ရုပ်မြင်သံကြားသတင်းဌာကို ပြောကြားခဲ့ပြီး ပြင်းထန်သောစကားလုံး သုံးနှုန်းပြောဆိုမှု မလုပ်ရန် သတိပေးခဲ့သည်။ ပြင်သစ်သမ္မတက ထိုပုဂ္ဂိုလ်နှစ်ဦးမှာ ၎င်းအတွက် ညီအစ်ကိုများဖြစ်တာကြောင့် ယနေ့တွင် ထိုကဲ့သို့ အသုံးအနှုန်းများကို ဂရုစိုက်သွားမည်ဟု France 2 ရုပ်မြင်သံကြားသတင်းဌာနကို ပြောသည်။



"ဒီစစ်ပွဲရပ်ဖို့နဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကျွန်တော် တတ်နိုင်သလောက် ဆက်ကြိုးစားသွားချင်ပါတယ်။ ဒီနေရာမှာ စကားလုံးအသုံးနှုန်း ပြင်းထန်လာမှုက အခြေအနေအပေါ် သက်ရောက်မှုရှိတယ်လို့ ကျွန်တော် သေချာမပြောနိုင်ပါဘူး" ဟုလည်း မက်ခရွန်က ဖြည့်စွက်ပြောသည်။

သို့သော် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ရုရှားတပ်ဖွဲ့များ၏ လူမျိုးတုန်းသတ်ဖြတ်မှု အထောက်အထားများ ပိုမိုတွေ့ရှိလာရသည်ဟု ဧပြီ (၁၂) ရက် ညပိုင်းတွင် အခိုင်အမာ ပြောဆိုခဲ့သည်။



"ရုရှားတွေ ယူကရိန်းမှာ လုပ်ခဲ့ကြတဲ့ အလွန်ဆိုးရွားတဲ့လုပ်ရပ် အထောက်အထားတွေ ပိုမိုထွက်ပေါ်လာတယ်" ဟု ဂျိုးဘိုင်ဒန်က ပြောသည်။

ရုရှားဘက်ကမူ အမေရိကန်သမ္မတ၏ မှတ်ချက်ပြု ပြောဆိုမှုများက အခြေအနေကို ကမောက်ကမဖြစ်စေရန် လက်ခံနိုင်စရာမရှိသည့် ကြိုးပမ်းမှုတစ်ခုအဖြစ် တုံ့ပြန်ခဲ့သည်။

"မကြာသေးခင်က လူသိများတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတတစ်ယောက်က ဒီလိုပြောဆိုမှုကို လက်ခံဖို့ခက်ပါတယ်" ဟု ရုရှားအစိုးရနှင့် သမ္မတပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။



Source: BBC

ဆက်စပ်သတင်း