မယုံကြည်သူများ၏ သံသယများရှိသော်လည်း ၂၀၄၀ ပြည့်နှစ်တွင် အမေရိကန်များ လပေါ်တွင် နေထိုင်နိုင်မည်ဟု အမေရိကန် အာကာသအေဂျင်စီ NASA ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက New York Times သတင်းဌာနကို ပြောခဲ့သည်။
မိမိတို့မှာ အရေးပါသည့် အခိုက်အတန့်တွင် ရှိနေကြောင်းနှင့် လပေါ်ကို မလွဲမသွေ ရောက်လိမ့်မည်ဟု NASA ပြောခွင့်ရအမျိုးသမီး Niki Werkheiser က ထိုသတင်းဌာနကို ပြောခဲ့ကြောင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၁) ရက် New York Post သတင်းတွင် ဖော်ပြထားသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် စီစဥ်ထားသည့် Artemis ဟု အမည်ပေးထားသော NASA ၏ လကမ္ဘာ စူးစမ်းလေ့လာရေး အာကာသခရီးစဥ်တွင် အာကာသယာဥ်မှူး (၄) ဦးကို လ၏ ပတ်လမ်းသို့ စေလွှတ်သွားမည်ဟုလည်း သိရသည်။
လူသားများ လပေါ်သို့ ပထမဆုံး ခြေချခဲ့ပြီးနောက် နှစ် (၅၀) ကျော်အကြာတွင် NASA ၏ Artemis လကမ္ဘာခရီးစဥ် ရှိလာခြင်း ဖြစ်သည်။
"ကျွန်မတို့မှာ တူညီတဲ့ ပန်းတိုင်တစ်ခုနဲ့ လူမှန် အချိန်မှန် အားလုံးရှိနေပြီ။ ဒါကြောင့် ကျွန်မတို့ အဲဒီကို ရောက်လိမ့်မယ်လို့ ကျွန်မ ထင်တယ်။ အားလုံးက ဒီအဆင့်ကို အတူတကွ လုပ်ဆောင်ကြဖို့ အသင့်ဖြစ်နေကြပြီ။ ဒါကြောင့် ကျွန်မတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ဖွံ့ဖြိုးတိုးတက်လာရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး" ဟု Werkheiser က ပြောခဲ့သည်။
#TachileikNewsAgency
Source: NY Post, NY Times