ပြည်ပတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများထံမှ စစ်ကောင်စီ အခွန်(၁၀)ရာခိုင်နှုန်းကောက်မည်

ပြည်ပတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများထံမှ စစ်ကောင်စီ အခွန်(၁၀)ရာခိုင်နှုန်းကောက်မည်
စက်တင်ဘာ 23, 2023 | 2021 Military Coup

ပြည်ပနေနိုင်ငံသားများထံမှ အခွန်(၁၀)ရာခိုင်နှုန်းကောက်မည်ဟု အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

လွှတ်တော်မရှိဘဲ ဥပဒေပြင်ဆင်နေသည့် စစ်ကောင်စီသည် ၂၀၂၃ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပကို ပြင်ဆင်သည့် ဥပဒေဟုဆိုကာ ထုတ်ပြန်လာခြင်းဖြစ်ပြီး ယင်းဥပဒေသည် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ ၂၀၂၄ခုနှစ် မတ်လ (၃၁)ရက်နေ့အထိ အကျိုးသက်ရောက်စေမည်ဟု သိရသည်။

အဆိုပါဥပဒေတွင် ဝင်ငွေခေါင်းစဉ်များအနက် လစာမှအပ ပြည်ပနေ နိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်းဝင်ငွေအပေါ်ရရှိသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့် (၁၀)ရာခိုင်နှုန်း ဝင်ငွေစည်းကြပ်ရမည်ဟု ပါရှိသည်။

#TachileikNewsAgency