ရေးမြို့နယ်တွင် သတင်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးကို ရေးဘီလူးတပ်ဖွဲ့က ပစ်ခတ်

ရေးမြို့နယ်တွင် သတင်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးကို ရေးဘီလူးတပ်ဖွဲ့က ပစ်ခတ်

မွန်ပြည်နယ် ရေးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ သတင်းရဲတပ်ဖွဲ့(Special Branch) အရာရှိတစ်ဦးကို ရေးဘီလူးတပ်ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်ခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့ထံမှ သိရသည်။

ပစ်ခတ်ခံရသူမှာ ရေးမြိုနယ် သတင်းရဲတပ်ဖွဲ့၊ တပ်ဖွဲစု(၁၁)မှ တာဝန်ခံ ရဲအုပ်မြင့်လွင်ဆိုသူဖြစ်ပြီး ရေးမြို့လယ် အောင်သုခရပ်ကွက်တွင် Honda Fit ကားဖြင့်လာစဉ် ရေးဘီလူးတပ်ဖွဲ့က အနီးကပ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၉)ရက်ကလည်း ရေးမြို့နယ် လမိုင်းမြို့ လက်ဝှေ့ရုံအနီးရှိ လက်ဖက်ရည်ဆိုင်တွင် အီကြာကွေးဝယ်နေသည့် သတင်းရဲတပ်ဖွဲ့မှ ရဲအုပ် ညီညီဝင်း သေနတ်နှင့်ပစ်ခတ်ခံရကာ သေဆုံးခဲ့သည်။

#TachileikNewsAgency