စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မူးမန္တလေးရွာအား စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့ ည(၆)နာရီဝန်းကျင်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
လက်ရှိတွင် မူးမန္တလေးရွာအား စစ်ကောင်စီတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ပြည်သူများတိမ်းရှောင်နေကြရပြီး အနီးဝန်းကျင်ရှိ ကျေးရွာများပါ ညတွင်းချင်း တိမ်းရှောင်နေကြရသည်ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားသည်။
#TachileikNewsAgency
Photo : စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး