အိန္ဒိယအစိုးရက နိုင်ငံ၏ တန်ဖိုးအမြင့်ဆုံး ရူပီး (၂,၀၀၀) တန် ငွေစက္ကူများကို ပြန်လည် ရုပ်သိမ်း

အိန္ဒိယအစိုးရက နိုင်ငံ၏ တန်ဖိုးအမြင့်ဆုံး ရူပီး (၂,၀၀၀) တန် ငွေစက္ကူများကို ပြန်လည် ရုပ်သိမ်း
By Mr John

 

အိန္ဒိယနိုင်ငံ၏ တန်ဖိုးအမြင့်ဆုံး ငွေစက္ကူများကို လည်ပတ်သုံးစွဲမှုကနေ စတင် ရုပ်သိမ်းသွားတော့မည်ဟု အိန္ဒိယ၏ ဗဟိုဘဏ်က ၂၀၂၃ခုနှစ် မေလ (၁၉) ရက်နေ့တွင် ကြေညာသည်။ 

ယခုဆောင်ရွက်မှုက ချေးငွေရယူမှု မြင့်တက်လာချိန်တွင် ဘဏ်အပ်ငွေ တိုးလာစေနိုင်သည်ဟု စီးပွားရေးပညာရှင်များက ဆိုသည်။

 ရူပီး (၂,၀၀၀) တန် (အမေရိကန်ဒေါ်လာ ၂၄.၅) ငွေစက္ကူများကို ရုပ်သိမ်းခြင်းက သာမန်လူနေမှုဘဝ သို့မဟုတ် စီးပွားရေးတွင် အနှောင့်အယှက်ဖြစ်စေမည် မဟုတ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အကြီးတန်း အရာရှိ T.V Somanathan က ပြောသည်။

အိန္ဒိယနိုင်ငံရှိ နိုင်ငံရေးပါတီ အများစုမှာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသော တင်းကျပ်သည့် အသုံးစရိတ်ကန့်သတ်ချက်များကို ကျော်လွန်သုံးစွဲရန် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ရန်ပုံငွေအဖြစ် တန်ဖိုးအမြင့်ဆုံး ငွေစက္ကူများကို စုဆောင်းထားကြသည်ဟု ယုံကြည်ရသည်။

ရူပီး (၂,၀၀၀) တန် ငွေစက္ကူများကို ပြန်ရုပ်သိမ်းရာတွင် ထိုငွေစက္ကူများမှာ တရားဝင် ဆက်လက်သုံးစွဲနိုင်နေဆဲ ဖြစ်သော်လည်း ၂၀၂၃ ခုနှစ် စက်တင်ဘာ (၃၀) ရက် နောက်ဆုံးထား လာရောက်အပ်နှံပြီး ပိုမိုတန်ဖိုးနိမ့်သည့် ငွေစက္ကူများနှင့် လဲလှယ်ကြရန် ပြည်သူများကို ပြောသွားမည်ဟု ဆိုသည်။ 

ဝန်ကြီးချုပ်မိုဒီ ဦးဆောင်သည့် အစိုးရက ရူပီး (၅၀၀) နှင့် (၁,၀၀၀) တန်များ ရုတ်တရက် ရုပ်သိမ်းလိုက်ပြီးနောက် ရူပီး (၂,၀၀၀) တန် ငွေစက္ကူများ ၂၀၁၆ ခုနှစ်တွင် ရိုက်နှိပ်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

Source: Reuters