ချင်းပြည်နယ်၊ ကန်ပက်လက်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့သည် လက်နက်အပြည့်အစုံနှင့်အတူ အလင်းဝင်လာကြောင်း CDF-Kanpetlet က ယ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင်သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်သား နေသူအောင်နှင့် ရဲတပ်သား ဗန်ဒိန်းတို့က အလင်းဝင်လိုကြောင်း ဆက်သွယ်လာခဲ့သဖြင့် CDF-Kanpetlet က သွားရောက်ကြိုဆိုခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
အလင်းဝင်လာသူနှစ်ဦးကို ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ပြီး လွတ်မြောက်နယ်မြေသို ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။
၎င်းတိုနှင့်အတူ G3 (၁)လက်၊ MA2 (၁) လက်၊ G3 ကျည်ဘောက် (၂)ခု၊ M A2 ကျည်ဘောက် (၄)ခု၊ G3 ကျည် (၂၈) တောင့်၊ MA ကျည် (၃၄၆)တောင့်၊ ကျည်ကာ (၁)ထည်တို့ ပါလာခဲ့ကြောင်း သိရသည်။