ဦးတေဇပိုင် ထူးအပန်းဖြေစခန်း၏ သင်္ကြန်မဏ္ဍာပ်တွင် အဆိုတော်များစွာ ပါဝင် သီဆိုဖျော်ဖြေမည်၊ သင်္ကြန်ကို ပါဝင်ဆင်နွှဲခြင်း၊ မဆင်နွှဲခြင်း ကိုယ့်ဦးနှောက်နဲ့ကိုသာ ဆုံးဖြတ်ကြရန် သာဒီးလူ ပြော

ဦးတေဇပိုင် ထူးအပန်းဖြေစခန်း၏ သင်္ကြန်မဏ္ဍာပ်တွင် အဆိုတော်များစွာ ပါဝင် သီဆိုဖျော်ဖြေမည်၊ သင်္ကြန်ကို ပါဝင်ဆင်နွှဲခြင်း၊ မဆင်နွှဲခြင်း ကိုယ့်ဦးနှောက်နဲ့ကိုသာ ဆုံးဖြတ်ကြရန် သာဒီးလူ ပြော

 အာဏာသိမ်းစစ်ကောင်စီအတွက် လက်နက်ထောက်ပံ့ပေးနေသည့် ဦးတေဇပိုင် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ ထူးအပန်းဖြေစခန်း(Htoo Resort)သင်္ကြန်မဏ္ဍာပ်တွင် စစ်ကောင်စီကိုထောက်ခံသည့် အဆိုတော်များ သွားရောက်‌ဖျော်ဖြေကြမည်ဖြစ် ကြောင်း သိရသည်။

၎င်းအဆိုတော်များမှာ သာဒီးလူ၊ ထူးအလ်လင်း၊ ဝန၊ အစွဏီ၊ မိုးမိုး၊ ဝီလျှံ၊ D ဖြိုး၊ ဆိုတေး၊ ဂျင်းနီ၊ နေလင်းကျော်၊ စစါသူ၊ ညလင်းထယ်၊ မိုးထက်ပိုင်၊ သားဖြိုးလင်း၊ Chocolate၊ Snow၊ Su တို့ပါကြောင်း သိရသည်။

လူဦးရေအကန့်အသတ်ဖြင့်သာ ဝင်ခွင့်ပြုမည်ဟုလည်း ထူးအပန်း ဖြေစခန်းက ထုတ်ပြန်ထားသည်။

​​​​​​​

ဒီအချိန်မှာ သင်္ကြန်ကို ပါဝင်ဆင်နွှဲခြင်း၊ မဆင်နွှဲခြင်းက ကိုယ့်ဦးနှောက်နဲ့ကိုသာ ဆုံးဖြတ်ကြပါ။ ကျွန်တော်ကတော့ ရမည်းသင်းမြို့မှာ ရှိတဲ့ 'ထူး' အပန်းဖြေစခန်းမှာ ဒီလူတွေနဲ့ ဒီနှစ်သင်္ကြန် တစ်တွင်းလုံးရှိနေပါမယ်။

ဟု သာဒီးလူက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

သာဒီလူသည် ၂၀၂၁ ခုနှစ် ဇွန်လ(၁၉)ရက်က ‌နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် Happy 76th birthday ဟုဆိုကာ ဒေါ်အောင်စုကြည်ပုံနှင့်တကွ လူမှုကွန်ယက် စာမျက်နှာ၌ ဖြန့်ဝေခဲ့သူဖြစ်သည်။

ရမည်းသင်းမြို့နယ်သည် စစ်တပ်အား အာဏာသိမ်းရန်တိုက်တွန်းခဲ့သည့် ကြံ့ဖွံ့ပါတီ အား‌ကောင်းရာဒေသဖြစ်ပြီး သွားရောက်ဖျော်ဖြေမည့် အဆို‌တော်များကို ပရိသတ်များက ဝေဖန်မှုများ လည်းရှိနေသည်။

Civil Guerrilla Force_YGN ကလည်း သာဒီးလူ၏ လုပ်ရပ်များအား ပြင်းပြင်းထန်ထန် ရှုံ့ချထားပြီး လူမှုရေးပြစ်ဒဏ်ခတ်ရန် ပြည်သူလူထုကို တိုက်တွန်းထားသည်။

"မိမိကိုယ်တိုင် လှိုင်သာယာသားဖြစ်သည့်တိုင် အသက်ပေါင်းရာကျော်ဆုံးရှုံးခဲ့ရသော လှိုင်သာယာမြို့အား အလေးမထားခြင်း၊မထီမဲ့မြင်ပြုလုပ်ခြင်း၊ စစ်ဘေးဒဏ်ခံ၊ဒုက္ခခံနေရသူများ၏ အသက်၊ ဘဝများကို ငဲ့ကွက်စဉ်းစားပေးခြင်းမပြုပဲ စစ်ကောင်စီအလိုကျ သင်္ကြန်ပွဲတော်တွင် ပါဝင်ပတ်သက်ခြင်း၊ ထောက်ပြပြောဆိုသော သူများအား မထီမဲ့မြင်ပြုလုပ်ခြင်း၊ အကျဉ်းချခံအနုပညာသမားများ၊တောထဲရောက် အိုးပစ်အိမ်ပစ် အနုပညာသမားများအား ကိုယ်ချင်းစာမှုမရှိခြင်းတို့ကြောင့်  ပြင်းပြင်းထန် ထန် ရှုံ့ချကြောင်း ထုတ်ပြန်ထားသည်။

ဒါအပြင် ၎င်း၏ တေးသီချင်းများ၊ ၎င်း နှင့်ဆက်စပ်သော စီးပွါးရေးလုပ်ငန်းများအား Boycott ပြုလုပ်ရန်နှင့် ၎င်းအား Social Punishment ပြုလိုက်ရန် တိုက်တွန်းနှိုးဆော်ထားသည်။

တော်လှန်ရေးအင်အားစုများက ယခုနှစ်ကျင်းပသည့်သင်္ကြန်ပွဲမှာအာဏာသိမ်းစစ်ကောင်စီက ဝါဒဖြန့်ရန်အတွက်သာဖြစ်ပြီး ပြည်သူ များ မပါဝင်ကြရန် နှိုးဆော်ထားသည်။