ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသသို့ စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ အမှတ်(၅၈၅)ခြေမြန်တပ်ရင်းမှ ဒုတပ်ရင်းမှူးနှင့် တပ်သားတစ်ဦး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာကြောင်း Cobra အဖွဲ့က ယနေ့ဧပြီလ(၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
ခိုလှုံလာသူမှာ ဗိုလ်မှူးတင်လင်းအောင်နှင့် တပ်သားဟိန်းမင်းထွေးတို့ ဖြစ်ကာ MA -1 သေနတ် တစ်လက်၊ MA - 3 သေနတ်တစ်လက်၊ ပစ္စတိုတစ်လက်တို့ ပါဝင်ခဲ့ပြီး ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ကြီးတာပေါမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသော ပြည်သူ့ဘက်တော်သားများအား Cobra စစ်ကြောင်းမှ လုံခြုံကောင်းမွန်စွာ စောင့်ရှောက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။