အာဏာ သိမ်းစစ်ကောင်စီတပ်များအတွက် စားနပ်ရိက္ခာပို့ဆောင်အပြီး ပြန်လာသည့် BGF စစ်ယာဉ်တန်း တိုက်ခိုက်ခံရ၍ (၉)ဦး သေဆုံး

အာဏာ သိမ်းစစ်ကောင်စီတပ်များအတွက် စားနပ်ရိက္ခာပို့ဆောင်အပြီး ပြန်လာသည့် BGF စစ်ယာဉ်တန်း တိုက်ခိုက်ခံရ၍ (၉)ဦး သေဆုံး

ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ ထီးကဆောမဲ(ဆင်စွယ်)တွင် အာဏာ သိမ်းစစ်ကောင်စီတပ်များအတွက် စားနပ်ရိက္ခာပို့ဆောင်အပြီး ပြန်လာသည့် BGF စစ်ယာဉ်တန်းကို KNLA က ပစ်ခတ်ရာ(၉)ဦး သေကြောင်း KNU က မတ်လ(၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

 BGF တပ်ဖွဲ့၏ ယာဉ်တန်းကို မတ်လ(၃၀)ရက်နေ့က KNLA တပ်မဟာ(၅) လက်အောက်ရှိ တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး BGF တပ်ဖွဲ့ ဝင် (၉)ဉီး‌သေကြောင်း ကျန်ရစ်ခဲ့သည့် အလောင်းများအရ သိရ ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ယင်းနေ့တွင် ကမမောင်းမှ ထွက်ခွာလာသည့် အာဏာသိမ်းစစ်ကောင်စီ၏ စစ်မြေပြင်ယန္တရားတပ် (၆)ဘီးကား (၃)စီးအား နှစ်ကြိမ် စောင့်ဆိုင်းပစ်ခတ်ခဲ့‌ကြောင်း သိရသည်။

မတ်လ(၃၁)ရက်နေ့တွင်လည်း ဝါဒိုစိုးအခြေစိုက် အာဏာသိမ်းစစ် ကောင်စီတပ်စခန်းအား KNLA မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဉီးသေကြောင်း ထုတ်ပြန်ထားသည်။