အကြမ်းဖက် စစ်ကောင်စီတပ်နှင့် KNLA တို့ (၂)ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား (၄)ဦးသေပြီး ဒုတပ်ရင်းမှူး (၁)ဦး ဒဏ်ရာ ရသွား

အကြမ်းဖက် စစ်ကောင်စီတပ်နှင့် KNLA တို့ (၂)ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား (၄)ဦးသေပြီး ဒုတပ်ရင်းမှူး (၁)ဦး ဒဏ်ရာ ရသွား

ကရင်ပြည်နယ်၊ နို့တကောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၂၂)နှင့် KNLA တို့ တိုက်ပွဲ (၂)ရက်ဆက်တိုက်ဖြစ်ပြီး စစ်ကောင်စီဘက်က (၄)ဦးသေကာ ဒုတပ်ရင်းမှူးလည်း ဒဏ်ရာရသွားကြောင်း KNU ၏ သတင်းထုတ်ချက်အရ သိရသည်။

နို့တကောမြို့နယ်၊ ရွှေဒိုးရွာသချိုင်းကုန်းအနီးတွင် ယနေ့ မတ်လ (၂၄)ရက်၊ ညနေ (၄)နာရီဝန်းကျင်က အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ(၂၂)နှင့် KNLA- တပ်ရင်း (၁၇) လက်အောက်ခံတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား(၂)ဦး သေကြောင်း KNU က ထုတ်ပြန်သည်။

ယမန်နေ့ မတ်လ (၂၃)ရက်ကလည်း မော်လမြိုင်မှ တက်လာသည့်  စစ်ကောင်စီတပ်မ(၂၂)၏ (၆)ဘီးကား (၅)စီး၊ (၄)ဘီးကား (၁)စီးကို KNLA တပ်ရင်း (၁၇)လက်အောက်ခံတပ်က သံပုရာကျေးရွာအပြင်ဘက်တွင် တိုက်ခိုက်ခဲ့သေးသည်။

ယင်းတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ (၂)ဦးသေဆုံးကာ၊ ဒုတပ်ရင်းမှူးအပါအဝင် (၂)ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။