အမျိုးဘာသာ သာသနာစောင့်ရှောက်သည်ဆိုသည့် အာဏာသိမ်းစစ်တပ်က ဘုရားပွဲအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်၊ ပြည်သူ(၃)ဦး သေဆုံးပြီး ကလေးငယ်များ အပါအဝင် (၈)ဦး ဒဏ်ရာရ

အမျိုးဘာသာ သာသနာစောင့်ရှောက်သည်ဆိုသည့် အာဏာသိမ်းစစ်တပ်က ဘုရားပွဲအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်၊ ပြည်သူ(၃)ဦး သေဆုံးပြီး ကလေးငယ်များ အပါအဝင် (၈)ဦး ဒဏ်ရာရ

ကေအဲန်ယူ၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ကျောက်တောင်ကျေးနယ်အုပ်စု၊ ကျောက်တောင်ကျေးရွာတွင် မတ်လ (၁၉)ရက်နေ့က ဘုရားပွဲကျင်းပနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က ပွဲအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံ(၃)ဦး သေဆုံးကာ (၈)ဦး ဒဏ်ရာရရှိကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

အမျိုးဘာသာသာသနာစောင့်ရှောက်နေသည်ဆိုသည့် အကြမ်းဖက်စစ်ကောင်စီတပ်၏ ခမရ အမှတ်(၉) ဝီယော်စခန်းမှ ဘုရားပွဲအတွင်းသို့ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပစ်ခတ်ခြင်းကြောင့် ကျောက်တောင်ကျေးရွာ၊ ရာဘာခြံအနီးသို့ (၁)လုံး ကျရောက်ပေါက်ကွဲကာ ဘုရားပွဲအတွင်း လူစုလူဝေးနေရာသို့ (၁)လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။



 

ဒဏ်ရာရရှိသူများတွင် အသက်မပြည့်သေးသည့် ကလေးသူငယ် (၃) ဦး ပါဝင်ခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူများကို ညတွင်းချင်း နီးစပ်ရာ ဒေသဆေးခန်းများသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

ကျောက်တောင်ကျေးရွာ ဘုရားပွဲကို ဒေသခံများက တစ်နှစ်တစ်ကြိမ် ကျင်းပလာခြင်းဖြစ်ပြီး ယခုနှစ်တွင် ရွာဘုရားပွဲကို မတ်လ (၁၈)ရက်မှ (၁၉)ရက်နေ့အထိ (၂)ရက်တာကျင်းပနေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: KNU