ဒီးမော့ဆို တိုက်ပွဲတွင် စစ်အာဏာရှင်အတွက် စစ်ကောင်စီတပ်သား (၂၄)ဦး သေဆုံးပြီး တင့်ကားတစ်စီး ပျက်စီး

ဒီးမော့ဆို PDF
ဒီးမော့ဆို PDF
ဒီးမော့ဆို တိုက်ပွဲတွင် စစ်အာဏာရှင်အတွက် စစ်ကောင်စီတပ်သား (၂၄)ဦး သေဆုံးပြီး တင့်ကားတစ်စီး ပျက်စီး

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်း  မတ်လ(၁)ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် တင့်ကားတစ်စီးပျက်စီးကာ  အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က တပ်သား(၂၄)ဦး အာဏာရှင်မင်းအောင်လှိုင်အတွက် အသက်ပေးသွားကြောင်း ဒီးမော့ဆို PDF က ယနေ့ မတ်လ(၂)ရက်တွင် သတင်းထုတ်ပြန်လာသည်။

ဒီးမော့ဆိုမြို့နယ်၊ အိုကေအုပ်စု၊ ကျွန်းတောကျေးရွာတွင် တင့်ကား အပါအဝင် အင်အား(၁၀၀)ဝန်းကျင်ဖြင့် နေရာယူထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီးမော့ဆို PDF၊ လွိုင်ကော် PDF၊ KNDF၊ KA၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်နှင့်  အခြားတော်လှန်ရေးအင်အားစုများပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲမှာ (၃)နာရီကြာမြင့်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က တင့်ကားတစ်စီးပျက်စီးကာ (၂၄)ဦးသေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည်  ဒီးမော့ဆိုမြို့နယ်‌အတွင်း နယ်မြေများကို စိုးမိုးနိုင်ရန် အင်အားအများအပြား ဖြည့်တင်းလာသဖြင့် စစ်ရှောင်ပြည်သူများလာပြီး ယခင်စစ်ရှောင်စခန်းမှ ပြည်သူများလည်း ဘေးလွတ်ရာကို ထပ်မံတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency