စစစ အရာရှိ အိမ်ရာ ဗုံးပေါက်ကွဲ၍ စစ်ကောင်စီတပ်နှင့်ရဲတို့ လာစစ်ချိန်တွင် နောက်ထပ် ဗုံးတစ်လုံး ထပ်ကွဲ

စစစ အရာရှိ အိမ်ရာ ဗုံးပေါက်ကွဲ၍ စစ်ကောင်စီတပ်နှင့်ရဲတို့ လာစစ်ချိန်တွင် နောက်ထပ် ဗုံးတစ်လုံး ထပ်ကွဲ
ဇန်နဝါရီ 24, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ဦးအောင်ဇေယျာလမ်းထိပ်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)၏ အရာရှိ အိမ်ယာ ယနေ့ဇန်နဝါရီလ(၂၄)ရက်နေ့ ညက ဗုံးပေါက်ကွဲခဲ့ကြောင်း သံလျင်အင်ဖော်မေးရှင်းက ထုတ်ပြန်ထားပြီး ဒေသခံများကလည်း Tachileik News Agency သို့ အတည်ပြုသည်။

စစစ အရာရှိအိမ်ယာ ခြံစည်ရိုးထောင့်တွင် တစ်လုံးပေါက်ကွဲခဲ့ပြီးနောက် အကြမ်းဖက်စစ်‌ကောင်စီတပ် နှင့် လက်အောက်ခံ ရဲများရောက်လာချိန်တွင် ဗုံးနောက်တစ်လုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ရောက်ရှိလာသောရဲများ ထိခိုက်မူရှိခဲ့ကြောင်းနှင့် လက်ရှိတွင် လမ်းသွား၊ လမ်းလာပြည်သူ့များကို ရိုက်နှက်နေစစ်‌ဆေးနေကြောင်း သိရသည်။