ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုအကြား လူသားဆန်တဲ့ ယူကရိန်း စစ်ရှောင်များ 

ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုအကြား လူသားဆန်တဲ့ ယူကရိန်း စစ်ရှောင်များ 
ဖေဖော်ဝါရီ 25, 2022 | နိုင်ငံတကာသတင်း

ရုရှားသမ္မတ ဗလာဒီမာပူတင်၏  ရက်စက်ကြမ်းကြုတ်သည့် ကျူးကျော်စစ်  အကြား ယူကရိန်းပြည်သူများသည် အိုးပစ် အိမ်ပစ် စွန့်ခွာ ထွက်ပြေးနေရချိန်မှာ လူသားဆန်စွာဖြင့် အိမ်မွေး တိရစ္ဆာန်များပါ စစ်ပွဲနှင့်လွတ်ရာကို တစ်ပါတည်းခေါ်ဆောင်သွားမှု အများအပြားရှိကြောင်း ကမ္ဘာ့သတင်းမီဒီယာများက ဖော်ပြထားကြသည်။

ရုရှား၏ ကျူးကျော်ဝင်ရောက် တိုက်ခိုက်မှုကြောင့် ယူကရိန်းပြည်သူများသည် ကားများဖြင့် ထွက်ပြေးကြသလို ခြေလျင်အဖြစ် မြေအောက်ရထားဘူတာနှင့် ကားလမ်းတွေပေါ်ကနေ ထွက်ပြေးနေရပေမဲ့ အိမ်မွေးတိရစ္ဆာန်များကို သယ်ဆောင်မှု မပြတ်ကြဘူးဟု ဆိုသည်။

ယူကရိန်း - ရိုမေးနီးယား နယ်စပ်ဒေသ၊ ယူကရိန်းနှင့် ကီလိုမီတာ(၄၀)ဝန်းကျင် ကွာဝေးသည့်နေရာသို့ စစ်ဘေးရှောင်များရောက်ရှိလာပါက  ရိုမေးနီးယားနိုင်ငံ၏ တိရစ္ဆာန်ကယ်ဆယ်ရေးပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Casa lui Patrocle ကလည်း စစ်ရှောင်ပြည်သူများနှင့်အတူ ပါလာသည့် အိမ်မွေးတိရစ္ဆာန် ခွေးကြောင်များ၏ ကျန်းမာရေးနှင့် ပတ်သက်၍ လိုအပ်ပါက ကူညီပေးမည်ဟုလည်း အသိပေးထားသည်။ 

 

ဖေဖော်ဝါရီလ(၂၄)ရက်နေ့ တစ်နေ့တည်း ရုရှား၏ ကျူးကျော်ဝင်ရောက် တိုက်ခိုက်မှုကြောင့် ယူကရိန်းစစ်သားများနှင့်ပြည်သူ သေဆုံးသူ (၁၃၇)ဦးရှိပြီး ဒဏ်ရာရရှိသူ (၃၁၆)ဦးရှိကြောင်း ယူကရိန်းသမ္မတက သတင်းထုတ်ပြန်ထားရှိသည်။

Soruce: The Washington Post

Photo: Vadim Ghirda, The Washington Post