အာဏာသိမ်းခံထားရသည့် မြန်မာနိုင်ငံ၏ အခြေအနေကြောင့် တရားမဝင် ရွှေ့ပြောင်းအလုပ်သမား အရေအတွက် မြင့်တက်လာနိုင်ကြောင်း ထိုင်းဘက်က ခန့်မှန်းထား

အာဏာသိမ်းခံထားရသည့် မြန်မာနိုင်ငံ၏ အခြေအနေကြောင့် တရားမဝင် ရွှေ့ပြောင်းအလုပ်သမား အရေအတွက် မြင့်တက်လာနိုင်ကြောင်း ထိုင်းဘက်က ခန့်မှန်းထား
By Mr John

 မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်အခြေအနေများနှင့် ပတ်သက်ပြီး  မြန်မာဘက်မှ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား အရေအတွက် မြင့်တက်လာနိုင်မှု အပေါ် စိုးရိမ်ပူပန်စရာ ဖြစ်စေကြောင်း ထိုင်းစက်မှုလုပ်ငန်းများ အဖွဲ့အစည်း Federation of Thai Industries (FTI) က ပြောသည်။

"ပဋိပက္ခ နောက်ပိုင်း မြန်မာဘက်ကနေ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား အရေအတွက် မြင့်တက်လာမယ်လို့ ခန့်မှန်းထားတာကြောင့် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်" ဟု FTI ဒုဥက္ကဌ Suchart Chantaranakaracha က ပြောသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် လမ်းကြောင်းများကနေ ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများစွာလည်း ၂၀၂၁ခုနှစ်နေက ၂၀၂၄ခုနှစ် ၏ ဧပြီလအထိ ယခင်ကထက် အများအပြား ဖမ်းဆီးခံရမှုများလည်း ရှိနေသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမား အများစုမှာ မြန်မာနိုင်ငံမှ အလုပ်သမားများ ဖြစ်သည်။ 

ထိုင်းနိုင်ငံတွင် စုစုပေါင်း ရွှေ့ပြောင်းအလုပ်သမား (၂.၆) သန်းမှ (၃) သန်းအထိရှိရာ ၎င်းတို့အနက် (၁.၆) သန်းမှာ မြန်မာများ ဖြစ်ကြသည်။ 

မြန်မာအလုပ်သမားများမှာ အစားအစာ ပြင်ဆင်ထုပ်ပိုးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ အထည်ချုပ်နှင့် အထည်အလိပ်စက်ရုံ၊ ကားပစ္စည်းစက်ရုံ၊ လျှပ်စစ်ပစ္စည်းစက်ရုံ၊ ရာဘာစိုက်ပျိုးရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း အပါအဝင် လုပ်ငန်းမျိုးစုံတွင် လုပ်ကိုင်နေကြသည်။

ထို့အတူ ကြံစိုက်ပျိုးရေးတွင်လည်း မြန်မာအလုပ်သမားများက အဓိက လုပ်သားအင်အားစု ဖြစ်သည်။ 

အလုပ်သမားအင်အား အသုံးများသည့် ကြုံစိုက်ပျိုးရေးလုပ်ငန်းတွင် ကြံပင်ခုတ်ရန် အလုပ်သမားဦးရေ သိသိသာသာ လိုအပ်သော်လည်း လုပ်သားအင်အား ပြတ်လပ်မှုက လက်ရှိတွင် ပြဿနာတစ်ရပ် ဖြစ်နေသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်အုပ်စုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများနှင့် ပတ်သက်ပြီး  ထိုင်းအစိုးရက စစ်ဘေးရှောင် မြန်မာပြည်သူ (၁)သိန်းကို လက်ခံရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။ 

 

Source: Bangkok Post