ကျောက်တံတားမြို့နယ်အတွင်းက လဝကရုံး၏ ဌာနခွဲရုံးကို ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲ

ကျောက်တံတားမြို့နယ်အတွင်းက လဝကရုံး၏ ဌာနခွဲရုံးကို ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲ
ဖေဖော်ဝါရီ 22, 2022 | အခြားဒေသများ

ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်း ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလမ်းထောင့်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားသားရေးရာဌာနရုံးကို ယနေ့ဖေဖော်ဝါရီလ(၂၂)ရက်၊ နေ့လည်ပိုင်းက မိုင်းနှစ်လုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်း Yangon People's Defense Force(Bahan)ထံမှ သိရသည်။

ယင်းတိုက်ခိုက်မှုကို People Force/ACPLF နှင့် Hmawbi Revolution Force တို့၏ ပူပေါင်းကူညီမှုဖြင့် Yangon People's Defense Force(Bahan)နှင့် DN PDF တို့က အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ထိခိုက်ပျက်စီးမှုအသေးစိတ်ကို Tachileik News Agency အနေဖြင့် အတည်မပြုနိုင်သေးပေ။

၎င်းအဖွဲ့သည် မှော်ဘီမြို့၊ ဆပ်ပလိုင်း GE တပ်အရာရှိရိပ်သာနှင့်   သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအနီး လေးထောင့်ကန်လမ်းမကြီးနှင့် သံသုမာလမ်းထောင့်ရှိ မြဝတီဘဏ်၌ တပ်စွဲထားသော အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို ဖေဖော်ဝါရီလ(၁၉)ရက်နေ့ ညပိုင်းက လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား(၅)ဦးသေပြီး ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။