ကလေးမြို့နယ် ကြံသာရွာတွင် တပ်စွဲထားသည့် အာဏာသိမ်းတပ်နှင့် ပျူအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ ဝင်တိုက်

Photo: PDF Kalay BN 4
Photo: PDF Kalay BN 4
ကလေးမြို့နယ် ကြံသာရွာတွင် တပ်စွဲထားသည့် အာဏာသိမ်းတပ်နှင့် ပျူအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ ဝင်တိုက်
ဖေဖော်ဝါရီ 10, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာအတွင်း တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီ တပ် နှင့် ၎င်းတို့ လက်အောက်ခံ ပျူစောထီးအဖွဲ့တို့အား ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့ နံနက် (၆) နာရီခွဲဝန်းကျင်က ဝင်ရောက်စီးနင်းတိုက်ခိုက်သည့် (၃) နာရီကြာ တိုက်ပွဲအတွင်း ပျူစောထီးအများအပြား သေသွားသည်ဟု သိရသည်။

တိုက်ခိုက်မှုအတွင်း ပျူစောထီး ဆယ်ဂဏန်းကျော် သေပြီးနောက် အာဏာသိမ်းစစ်တပ်က ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြောက်ခင်ရန်းရွာနှင့် ဟံသာဝတီရွာဘက်မှ စစ်ကား (၃) စီးဖြင့် စစ်ကူထပ်ဖြည့်၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်နေသည့် စခန်းနေရာမှ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို PDF Kalay တပ်ရင်းများ၊ CDF - KKG ၊ CDF - Hakha ၊ RKDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်ပြီး CDF - Hakha ရဲဘော် (၁) ဦးကျဆုံးကာ (၁) ဦးဒဏ်ရာရခဲ့သည်ဟု သိရသည်။