မြောင်မြို့နယ်အတွင်း တပ်ဖြန့်ပြီး စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီတပ်အင်အား (၆၀)ဝန်းကျင်ကို ပြောက်ကျားနည်းဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား(၂)ဦး သေဆုံးကြောင်း မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၂)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်အချိန်က မိုင်းဆွဲတိုက်ခိုက်ခြင်း ဖြစ်ပြီး သေဆုံးမှုအနေဖြင့် အနည်းဆုံး (၂)ဦးသေဆုံးသည်ဟု သိရသည်။
မိုင်းဆွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍"ခွေးသေတာ ရှင်တာထက်။ ငါတို့ ဘာဆိုတာထက် လာရဲရင် ထပ်လာလေ နင်တို့ တောနင်းပြီး လူလာရာလမ်းကတောင် မလာရဲသလို ရွာတွေထဲလဲ ဖြတ်လျှောက်ခွင့် ပြန်မရစေရဘူး"ဟု မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့က ဆိုသည်။
မိုင်းဆွဲရာတွင် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)က ကူညီပေးခဲ့ပြီး ပြောက်ကျားနည်းဖြင့် မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ဘေးကင်းစွာဖြင့် တပ်ဆုတ်ခဲ့ကြသည်ဟု သိရသည်။
#TachileikNewsAgency
Photo: မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့