တောင်ဥက္ကလာတွင် လူငယ် (၆)ဦးကို ဖမ်းခေါ်လာသည့် ကားအား စစ်ကား (၃)စီးဖြင့်ခေါ်ဆောင်သွားသည်ကို တွေ့ရ

တောင်ဥက္ကလာတွင် လူငယ် (၆)ဦးကို ဖမ်းခေါ်လာသည့် ကားအား စစ်ကား (၃)စီးဖြင့်ခေါ်ဆောင်သွားသည်ကို တွေ့ရ
ဇန်နဝါရီ 14, 2022 | အခြားဒေသများ

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်း၊ မဟာဗန္ဒုလတံတားပေါ်တွင် ၂၀၂၂ ခုနှစ်၊ နေ့လယ် (၂)နာရီဝန်းကျင်က လူငယ် (၆)ဦးကို ရဲနှင့် ရဲမေများလိုက်ပါလာသည့် Light Truck တစ်စီးဖြင့် ဖမ်းဆီးခေါ်ဆောင်လာသည်ကို တွေ့ရပြီး အဆိုပါ ကားရှေ့တွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကား (၃)စီး မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။

 သာကေတဘက်ကို သွားတယ်လို့တော့ ထင်ရတယ်။ ကလေးတွေကို ဘယ်ကနေ ဖမ်းလာလဲတော့ မသိဘူး။ အရှေ့က စစ်ကား (၃)စီးနဲ့ ခေါ်သွားတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဖမ်းဆီးခံရသည့် လူငယ်များအား တင်သွားသည့် ကားပေါ်တွင် ရဲမေများကိုလည်း တွေ့ရသဖြင့် အမျိုးသမီးလူငယ်များ ပါနိုင်သည်ဟု ယူဆထားပြီး မည်သည့်နေရာက ဖမ်းဆီးခေါ်ဆောင်လာသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။