အာဏာသိမ်းစစ်တပ်၏ တပ်ခွဲမှူး အပါအဝင် တပ်ဖွဲ့ဝင် (၇)ဦးအား လက်နက်ခဲယမ်းနှင့်အတူ KNLA ထပ်မံ ဖမ်းမိ

အာဏာသိမ်းစစ်တပ်၏ တပ်ခွဲမှူး အပါအဝင် တပ်ဖွဲ့ဝင် (၇)ဦးအား လက်နက်ခဲယမ်းနှင့်အတူ KNLA ထပ်မံ ဖမ်းမိ
ဒီဇင်ဘာ 30, 2021 | အခြားဒေသများ

ကရင်ပြည်နယ်တောင်ပိုင်း၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားသည့် တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်မှ တပ်ခွဲမှူးအပါအဝင် တပ်ဖွဲ့ဝင် (၇) ဦးကို လက်နက်ခဲယမ်းများနှင့်အတူ KNLA ပူးပေါင်းအဖွဲ့က ဖမ်းမိထားသည်ဟု မြေပြင်တွင်ရှိနေသူတစ်ဦးထံမှ သိရသည်။

ဖမ်းဆီးရမိထားသူများကို KNLA က ကောင်းမွန်စွာထိန်းသိမ်းထားသည်ဟု သိရသည်။

စစ်အာဏာရှင်ကို တော်လှန်နေသည့် တော်လှန်ရေးအင်အားစုများက ဖမ်းဆီးရမိသည့် သုံ့ပန်းများကို ကျင့်ဝတ်နှင့်အညီ ကျောင်းမွန်စွာထိန်းသိမ်းခြင်းများ လုပ်ဆောင်နေသည်ကို တွေ့နေရပြီး အာဏာသိမ်းစစ်တပ်က ဖမ်းဆီးရမိသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအပြင် အရပ်သားပြည်သူများကိုပါ ကျင့်ဝတ်နှင့်အညီထိန်းသိမ်းသည်ကို မတွေ့ရဘဲ အကြမ်းဖက်သတ်ဖြတ်ခြင်းများ လုပ်လေ့ရှိသည်ကို တွေ့ရသည်။

#TachileikNewsAgency