မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအစည်းအရုံး(MSRU)က တောင်ပိုင်းတိုင်းတွင် စစ်ရေးတင်းမာလာမှု အခြေနေများကြောင့် တိုက်ပွဲတွင်း အရေးပေါ်အခြေနေ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နိုင်ရန်အတွက် လေ့ကျင့်နေလျက်ရှိကြောင်း သိရသည်။
လေ့ကျင့်မှုတွင် တိုက်ပွဲအတွင်း ပြည်သူ့ရဲဘော်များနှင့် စစ်ဘေးရှောင်ပြည်သူထုလူထုများ၏ ထိခိုက်မှုဒဏ်ရာရမှုများကြောင့် မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ MSRU ၏ စစ်သင်တန်းသင်ခန်းစာများတွင် တိုက်ပွဲအတွင်း ကူညီကယ်ဆယ်ရေး သင်ခန်းစာများကို ထည့်သွင်း သင်ကြားကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်၏ ထိုးစစ်များကြောင့် နေအိမ်နှင့်ကျေးရွာများကို စွန့်ခွာပြီး စစ်ဘေးအန္တရာယ်မှ ထွက်ပြေးရှောင်တိမ်းနေသူများအား ကူညီကယ်ဆယ်နိုင်ရေးအတွက်လည်း ရည်ရွယ်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။
အာဏာသိမ်းစစ်တပ်သည် တိုင်းနှင့်ပြည်နယ်အချို့တွင် ကျေးရွာများအထိသာလွန်သည့် လက်နက်အင်အား၊ လူအင်အားများဖြင့် ထိုးစစ်ဆင်နေလျက်ရှိသည်။
#TachileikNewsAgency