အာဏာသိမ်းအဖွဲ့၏ တရားရုံးက  ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတနှင့် နေပြည်တော်ကောင်စီ ဥက္ကဌ တို့ကို ထောင်ဒဏ်များချမှတ်

အာဏာသိမ်းအဖွဲ့၏ တရားရုံးက  ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတနှင့် နေပြည်တော်ကောင်စီ ဥက္ကဌ တို့ကို ထောင်ဒဏ်များချမှတ်
ဒီဇင်ဘာ 6, 2021 | အခြားဒေသများ

အာဏာသိမ်းအဖွဲ့က အာဏာသိမ်းပြီး ဖမ်းဆီးထားသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနှင့် နေပြည်တော်ကောင်စီဥက္ကဌတို့ကို ၎င်းတို့၏တရားရုံးက ယနေ့ ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် ထောင်ဒဏ်များအသီးသီးချသည်ဟု သိရသည်။

အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထားသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ဇမ္ဗူသီရိအထူးတရားရုံးက သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ ထောင်ဒဏ် (၂) နှစ်၊ ပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် (၂) နှစ် စုစုပေါင်း (၄)နှစ်စီ အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

အလားတူ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်ကို ပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် (၂) နှစ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအမိန့်ချမှတ်ခဲ့သည့် အမှုအပါအဝင် အာဏာသိမ်းအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အမှုပေါင်း (၁၁) မှုရှိနေခြင်းဖြစ်သည်။

အာဏာသိမ်းအုပ်စုက ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတဝန်း စစ်တပ်အင်အားဖြင့် ထိန်းချုပ်၍ နေပြည်တော်ရှိ NLD အစိုးရအဖွဲ့ခေါင်းဆောင်များ၊ NLD လွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းဆီးကာ စစ်ခေါင်းဆောင်က နိုင်ငံ့အာဏာသိမ်းလိုက်ကာ ဖမ်းဆီးခံရသူများအား ပုဒ်မမျိုးစုံဖြင့် တရားစွဲဆိုနေခြင်းဖြစ်သည်။