အိန္ဒိယ - မြန်မာနယ်စပ် တမူးမြို့နယ်ရှိ မြို့နယ်လဝကရုံးအနီး ရဲကင်းကို ကျောင်းသားတပ်ခွဲ Burmese Students Organization (BSO)၏ မြေပြင်လှုပ်ရှားရေးအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်လာသည်။
တမူးမြို့နယ်လဝကရုံးအနီးရှိ ရဲကင်းကို ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့ အကူးပိုင်းအချိန်က မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။
ကျောင်းသားတပ်ခွဲ Burmese Students Organization (BSO)၏ မြေပြင်လှုပ်ရှားရေးအဖွဲ့သည် အာဏာသိမ်းစစ်ကောင်စီ နှင့် ဒလန်များ၊ ပြည်သူ့ဘက်က ရပ်တည်ခြင်းမရှိသည့် ဒေါက်တိုက်များ၊ အဖွဲ့အစည်းများကို ရှင်းလင်းခြင်းများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည့်အတွက် ပြည်သူများ ဘေးကင်းရေး အသွားအလာ အနေအထိုင်များ ဆင်ခြင်ကြရန်လည်း BSO က အသိပေး မေတ္တာရပ်ခံထားရှိသည်။