ကွမ်းခြံကုန်းမြို့နယ်အတွင်း ကင်းလှည့်နေသည့်အဖွဲ့ကို ပြည်သူ့တော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်ရာ အာဏာသိမ်းစစ်တပ်ဘက်က (၇)ဦးသေဆုံးပြီး  (၁၃)ဦးမှာ သေနိုင်သည့် ဒဏ်ရာများရရှိသွား

ကွမ်းခြံကုန်းမြို့နယ်အတွင်း ကင်းလှည့်နေသည့်အဖွဲ့ကို ပြည်သူ့တော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်ရာ အာဏာသိမ်းစစ်တပ်ဘက်က (၇)ဦးသေဆုံးပြီး  (၁၃)ဦးမှာ သေနိုင်သည့် ဒဏ်ရာများရရှိသွား

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးကျေးရွာအနီး လမ်းမပေါ် ညပိုင်း ကင်းလှည့်လာသည့် အာဏာသိမ်းစစ်တပ်၏ စစ်ကားအား ပြည်သူ့တော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်ရာ အာဏာသိမ်း စစ်တပ်ဘက်က (၇)ဦးသေဆုံးပြီး (၁၃)ဦးမှာ သေနိုင်သည့် ဒဏ်ရာများရရှိသွားကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ နိုဝင်ဘာလ(၆)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ပစ်ခတ်မှုကြောင့် ရန်သူတပ်သား (၇)ဦး သေဆုံးပြီး (၁၃)ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။ တပ်တွင်းသတင်းပေး ဖရဲသီးတစ်ဦးရဲ့ အဆိုအရ ဒဏ်ရာ ပြင်းထန်သူတချို့ ဆက်လက်သေဆုံးနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ ဒီပစ်ခတ်တိုက်ခိုက်မှုဟာ ရန်ကုန်တိုင်းစစ်​ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ “ပျံလွှားအောင်” စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။

ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဆိုသည်။ 

၂၀၂၁ခုနှစ် နိုဝင်ဘာလ(၅)ရက်နေ့ ည(၁၀)နာရီ ဝန်းကျင်အချိန်က (၂၅)ဦးဝန်းကျင်ပါသည့် အာဏာသိမ်းစစ်တပ်၏ အဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခြင်း ဖြစ်ပြီး တော်လှန်ရေးအဖွဲ့မှာ ဘေးကင်းကြောင်း နှင့် ယခုထက် ကြီးမားသည့် စစ်ရေးတိုက်ခိုက်မှုများကို  ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေး နယ်မြေအတွင်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားရှိသည်။