တန့်ဆည်မြို့ အထက(၂)ကျောင်းဝန်းအနီး ကင်းပုန်းချနေသည့် အာဏာသိမ်းတပ်က မိုင်းပစ်ခံရပြီးနောက် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသမီး (၁)ဦး သေဆုံး

ပုံအညွှန်း  - လမ်းဆုံ အမှတ်(၂) အခြေခံပညာထက်အတန်းကျောင်း။ Photo: ကျောင်းသားဟောင်းများ

နိုဝင်ဘာ 5, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့ လမ်းဆုံ အမှတ်(၂) အခြေခံပညာထက်အတန်းကျောင်းအနီးတွင် ကားအဖြူတစ်စီးဖြင့် ကင်းပုန်းစောင့်နေသည့် အာဏာသိမ်းတပ်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့ နံနက် (၈)နာရီခွဲဝန်းကျင်က မိုင်းဖြင့် ပစ်ခတ်ခံရပြီးနောက် ရမ်းသမ်းပစ်ခတ်မှုကြောင့် အနီးဝန်းကျင်အိမ်မှ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ကျောင်း၏ မြောက်ဘက်ရှိနေအိမ်မှ အမျိုးသမီးမှာ အာဏာသိမ်းတပ်ဖွဲ့ဝင်များ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် လည်ပင်းကျည်ထိမှန်သေဆုံးသွားရခြင်းဖြစ်သည်ဟု TSO ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ပေါက်ကွဲမှုမှာ ၎င်းတို့လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် အာဏာသိမ်းတပ်ဘက်မှ ထိခိုက်သေဆုံးမှု မသိရသေးကြောင်း Myanmar Defense Force -Taze-Tiger အဖွဲ့က နံနက် (၁၀)နာရီဝန်းကျင်တွင် ထုတ်ပြန်လာသည်ကို တွေ့ရသည်။