ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းသို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)၏ ဒီးမော့ဆို အမှတ်(၁)တပ်ရင်း(KNDF- BO1)မှ တပ်ဖွဲ့ဝင်များက နိုဝင်ဘာလ(၄)ရက်နေ့က သွားရောက်ပြီး စေတနာရှင်များ လှူဒါန်းပေးလာသည့် အခြေခံစားသောက်ကုန်များကို သွားရောက် ပေးဝေရင်း ကလေးငယ်များနှင့်အတူ စိတ်ဓါတ်မြင့်တင်ရေးဆိုင်ရာများ လုပ်ဆောင်ပေးခဲ့ကြောင်း KNDF-BO1 က နိုဝင်ဘာလ(၄)ရက်နေ့က ဖော်ပြထားသည်။
"ကျွန်တော်တို့ KNDF- BO1ရဲဘော်များမှ စစ်ရှောင်စခန်းတစ်ခုတွင် နိုင်ငံခြား အလှူရှင်များမှ လှူဒါန်းလာသော အခြေခံစားသောက်ကုန်များကို သွားရောက် ဖြန့်ဝေရင်း စစ်ရှောင်စခန်းရှိ ကလေးငယ်များနှင့်အတူ စိတ်ဓာတ်မြင့်တင်ရေးဆိုင်ရာ လုပ်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့သည်။ လှူဒါန်းပေးသော အလှူရှင်များကို အထူးကျေးဇူးတင် ဂုဏ်ပြုပါသည်။"ဟု KNDF-BO1 က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားခြင်း ဖြစ်သည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)၏ တပ်ရင်းများက ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောင်မှုများအပြင် စေတနာရှင်များ လှူဒါန်းလာမှုအပေါ် ယခုလို ပြန်လည်ပေဝေခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Photo: KNDF-BO1