ကန့်ဘလူမြို့နယ်အတွင်း အင်းလယ်ကြီးတွင် ဆိုင်ကယ်ဖြင့်လာသည့် ရဲ(၈)ဦး မိုင်းဆွဲခံရ

ကန့်ဘလူမြို့နယ်အတွင်း အင်းလယ်ကြီးတွင် ဆိုင်ကယ်ဖြင့်လာသည့် ရဲ(၈)ဦး မိုင်းဆွဲခံရ
အောက်တိုဘာ 17, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာသို့ ဆိုင်ကယ်(၄)စီးဖြင့် ရောက်လာသည့် အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံ ရဲ(၈)ဦးကို ကန့်ဘလူ PDF ပူးပေါင်းတပ်စုက မိုင်း(၂)လုံးဆွဲကာ ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၇)ရက်နေ့ နံနက်(၈)နာရီအချိန်က ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာသို့ ရောက်လာသည့် အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံ ရဲအဖွဲ့သည်  မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာများရရှိသွားသည့်အတွင် ဆေးရုံကားဖြင့် လာရောက် သယ်ဆောင်သွားရသည်ဟု သိရသည်။

 ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာများတွင် အာဏာသိမ်းစစ်တပ် နှင့် လက်အောက်ခံ ရဲတပ်ဖွဲ့တို့မှာ ကားများ ဆိုင်ကယ်များဖြင့် သွားလာမှုများ နေ့စဉ်ရှိနေကြောင်း လည်း သိရသည်။