ဆိုင်ကယ်များဖြင့် တက်လာသည့် အာဏာသိမ်းစစ်တပ်ကို ပြည်သူ့တော်လှန်ရေးတပ်မတော်နှင့်ဒေသခံများ ပူးပေါင်း မိုင်းခွဲရာမှ အာဏာသိမ်းတပ်ဖက်က (၇)ဦးသေဆုံး

သွေးအိုင်များကို သဲဖုံးသည့် ပုံ
သွေးအိုင်များကို သဲဖုံးသည့် ပုံ
ဆိုင်ကယ်များဖြင့် တက်လာသည့် အာဏာသိမ်းစစ်တပ်ကို ပြည်သူ့တော်လှန်ရေးတပ်မတော်နှင့်ဒေသခံများ ပူးပေါင်း မိုင်းခွဲရာမှ အာဏာသိမ်းတပ်ဖက်က (၇)ဦးသေဆုံး
စက်တင်ဘာ 8, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်း  တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များဖြင့် ရောက်ရှိလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်အင်အား (၃၀)ကျော်ကို PRA နှင့် ဒေသခံ PDF တို့ ပူးပေါင်းတိုက်ခိုက်ရာမှ အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က (၇)ဦး သေဆုံးကြောင်း   ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)က ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ(၈)ရက်နေ့ နေ့လည်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီဘက်မှ အင်အား (၃၀)ကျော်သည် ဆိုင်ကယ်များဖြင့် လမ်းအတိုင်းလာစဉ်   ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)၏ တပ်ရင်း(၁) နှင့် ဒေသခံ(PDF)များဖြင့် ပူးပေါင်းပြီး မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာမှ အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က (၇)ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

မိုင်းဆွဲခံရမှုကြောင့် ပေါက်ကွဲ သေကြေ ပျက်ဆီးခဲ့ရသည့်နေရာမှ အလောင်းများကို အာဏာသိမ်းစစ်ကောင်စီတပ်က ပြန်လည်သယ်ဆောင်သွားကာ သွေးအိုင်များကိုလည်း သဲများဖြင့် ဖုံးအုပ်ခဲ့ကြောင်း နှင့် ဗုံးကွဲမှုကြောင့် ပျက်ဆီးခဲ့သည့် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များကိုတောင် သယ်ဆောင်သွားနိုင်ခြင်းမရှိဘဲ ထားရစ်ခဲ့ကြောင်း သိရသည်။

ပုံအညွှန်း - သွေးအိုင်များကို သဲဖုံးသည့် ပုံများ နှင့် ပျက်ဆီး ဆိုင်ကယ်

Photo: PRA