D Day ကြေညာပြီးချိန်တွင် ရက်သတ္တပတ်တစ်ပတ်ကြာ ပျံသန်းမှုမရှိငြိမ်သက်နေသည့် မကွေးအခြေစိုက် လေတပ်မှ တိုက်လေယာဉ်များ နံနက် (၉) နာရီဝန်းကျင်မှစ၍ ပျံသန်းနေကြသည်ကို တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။
မကွေးလေဆိပ်မှနေ၍ နံနက် (၉)နာရီမှစ၍ (၁၀)နာရီ မိနစ် (၅၀)အချိန်အတွင်း တိုက်လေယာဉ် အနည်းဆုံး (၃) စီး ပျံတက်သွားသည်ကို တွေ့ရသည်ဟု ဒေသခံများက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုသည်။
အမျိုးသားညီညွတ်ရေးအစိုးရက တစ်နိုင်ငံလုံး စစ်အာဏာရှင်တော်လှန်တိုက်ခိုက်ရေး (D Day) ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့ နံနက် (၈) နာရီခွဲတွင် စတင်ကြေညာလိုက်ပြီးနောက် အာဏာသိမ်းတပ်ဘက်မှ လေကြောင်း၊ ကုန်းကြောင်း လှုပ်ရှားမှုများကို တွေ့လာရခြင်းဖြစ်သည်။
#TachileikNewsAgency
Photo: CJ