နှလုံးလှ လူမိုက်ကြီးများအဖွဲ့အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၁၂)ဖွဲ့ မဟာမိတ်အဖြစ် ပေါင်းစည်း

နှလုံးလှ လူမိုက်ကြီးများအဖွဲ့အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၁၂)ဖွဲ့ မဟာမိတ်အဖြစ် ပေါင်းစည်း
သြဂုတ် 29, 2021

နိုင်ငံ့အာဏာသိမ်းခံရသည့် နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ အနည်းဆုံး (၁၀၀၀)ကျော် အသက်ဆုံးရှုံးလိုက်ရပြီးနောက် ဖက်ဆစ်တော်လှန်ရေးလုပ်ငန်းစဉ်များ ပိုမိုထိရောက်မြန်ဆန်စေရန်အတွက် တော်လှန်ရေး အင်အားစု( ၁၂ ) စု  တော်လှန်ရေးမဟာမိတ်များအဖြစ်  ပေါင်းစည်းလိုက်ကြောင်း ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၈)ရက်နေ့က သတင်းထုတ်ပြန်လာသည်။

 တော်လှန်ရေးမဟာမိတ်များဖွဲ့စည်းလိုက်သည့် (၁၂)ဖွဲ့မှာ မန္တလေး (MDY-PDF)၊ Yangon Urban Guerrillas (YUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ Yangon Federal Army (YFA)၊ Zero Nine (PDF-MGN)၊ ရွှေဂူ(PDF) ၊ ပခုက္ကူ(PPDF)၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့(မြင်းခြံ)၊ ကောလင်း (KLPDF)၊ ကျောက်ဆည် (KDDF)၊ Mandalay Special Task Force (MSTF)နှင့် 27 Revolution Forces (MGN)တို့ ဖြစ်ကြသည်။

လက်နက်အားကိုးအကြမ်းဖက်နိုင်ငံ့သစ္စာဖောက် စစ်တပ်နှင့် အပေါင်းအပါများကို ဖယ်ရှားနိုင်မှသာ ပြည်သူများခံစားနေရသော ဒုက္ခများမှ လွတ်မြောက်မည်ကြောင်း နှင့် ပြည်သူများအားလုံးနှင့်လက်တွဲပြီး စစ်မှန်သောတရားမျှတမှုရရှိသည်အထိ အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားရှိသည်။ 

#TachileikNewsAgency