နေပြည်တော်ကောင်စီနယ်မြေတွင် လျှပ်စစ်ဘတ်စ်ကားလမ်း နှင့် မြေအောက်ရထားလမ်းများ တည်ဆောက်နိုင်ရန် နှင့် လျှပ်စစ်ကားများ ပြေးဆွဲသည့်အခါ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ရန်ကိုပါ အာဏာသိမ်းစစ်ခေါင်းဆောင်က ညွှန်ကြားထားသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် လူဦးရေသန်း ၂၀ အထိနေထိုင်နိုင်ရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်သဖြင့် မြို့ပြစီမံကိန်းများတည်ဆောက်ရာတွင် မြို့ပတ်ရထားလမ်းများ၊ ဘတ်စ်ကားလမ်းများ၊ လျှပ်စစ်ဘတ်စ်ကားလမ်းများနှင့် မြေအောက်ရထားလမ်းများ တည်ဆောက်နိုင်ရေးအတွက်ပါ ကြိုတင်စီမံဆောင်ရွက် ထားရန်လိုကြောင်း၊ နေပြည်တော်၌ မြို့နေလူဦးရေတိုးပွားပြီး မော်တော်ယာဉ်များ၊ မီးရထားများ၊ လျှပ်စစ် ရထားများ၊ လျှပ်စစ်ကားများ တိုးချဲ့ပြေးဆွဲလာသည့်အခါ ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ် ပေါ်စေရန် နည်းလမ်းရှာဖွေ ဆောင်ရွက်ရန် လိုအပ် ကြောင်း
ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ခုနှစ် ဩဂုတ်လ(၁၇)ရက်နေ့၏ နေပြည်တော်အစည်းအဝေးတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
နေပြည်တော်ကို အထူးစီမံချက်အနေဖြင့် Green City ၊ Clean City ၊ Smart City အဖြစ် သန့်ရှင်း၊ သန့်ရပ်၊ သာယာ၊ လှပ စိမ်းလန်း၊ စိုပြည်သည့် မြို့တော်တစ်ခုဖြစ်စေရေး နှင့် နိုင်ငံတကာ အခမ်းအနားများကိုလည်း နေပြည်တော်တွင်သာ ကျင်းပနိုင်ရေး ဦးတည်ဆောင်ရွက်သွားရမည်ဟုလည်း ပြောကြားသွားသည်။
#TachileikNewsAgency