တာလေမြို့တွင် တာချီလိတ်မြို့မှ ပြန်လာသူ (၃)ဦးထံက Covid-19 ပိုးတွေ့

တာလေမြို့တွင် တာချီလိတ်မြို့မှ ပြန်လာသူ (၃)ဦးထံက Covid-19 ပိုးတွေ့
ဇူလိုင် 25, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း တာလေမြို့တွင် ယနေ့ ဇူလိုင်လ(၂၅)ရက်နေ့ တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသူ (၃)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

တာလေမြို့ အမှတ်(၁)ရပ်ကွက်၊ သီရိတွင် (၁)ဦး နှင့် နားယောင်းကျေးရွာအုပ်စုအတွင်းမှ (၂)ဦး စုစုပေါင်း (၃)ဦးကို တစ်နေ့တည်း တွေ့ရှိရခြင်း ဖြစ်သည်။

အမှတ်(၁)ရပ်ကွက်၊ သီရိတွင် နေထိုင်သူမှာ တာချီလိတ်ကနေ ယနေ့ ဇူလိုင်လ(၂၅)ရက်နေ့တွင် ပြန်လာသူဖြစ်ပြီး ၎င်းကို တာလေမြို့အဝင်တွင် စစ်ဆေးရာက Covid-19 ပိုးတွေ့ရှိရသူ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။

နားယောင်းကျေးရွာအုပ်စုအတွင်းမှ တွေ့ရှိရသူ (၂)ဦးမှာ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၁)ဦးတို့ ဖြစ်ကြပြီး ၎င်းတို့သည် ဇူလိုင်လ(၂၁)ရက်နေ့က တာလေမြို့သို့ ပြန်လာသူဖြစ်ကာ ၎င်းတို့အား အသွားအလာကန့်သတ်ထားပြီး စစ်ဆေးရာက ပိုးတွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

နားယောင်းမှ ပိုးတွေ့(၂)ဦးသည် တာချီလိတ်မြို့တွင် Test Kit ဖြင့် Covid-19 စစ်ဆေးလာစဉ်က ပိုးမတွေ့ရသော်လည်း တာလေမြို့တွင် ဆက်လက်ပြီး အသွားအလာ ကန့်သတ်ထားကာ စစ်ဆေးရာမှ ပိုးတွေ့သူများဖြစ်သည်။

တာလေမြို့၏ Covid-19 တတိယလှိုင်းကို ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၃)ရက်နေ့က စတင်လာရာ ယနေ့ ဇူလိုင်လ(၂၅)ရက်နေ့တွင် စုစုပေါင်း (၆)ဦးအထိ ရှိနေကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တွင်းအနေဖြင့် တာချီလိတ်မြို့ပေါ်တွင် Covid-19 ကူးစက်ခံထားရသူ (၁,၀၀၀)ဝန်း၊ တာလေမြို့တွင် (၆)ဦး နှင့် ကျိုင်းလပ်မြို့တွင် (၂)ဦး ရှိနေကြောင်း သိရသည်။