ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ တာချီလိတ်ဆေးရုံဟောင်းအတွင်း Covid-19 စစ်ဆေးပေးနေသည့် Fever Clinic တွင် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့ နံနက်ပိုင်း(၁၀)နာရီခွဲအထိ စုစုပေါင်း (၅)ဦးအထိ Covid-19 ပိုးတွေ့ရှိထားကြောင်း သိရသည်။
Covid-19 ပိုးတွေ့ရှိသူမှာ နံနက်(၁၀)နာရီခွဲအထိ တွေ့ရသူ (၂)ဦးမှာ အမျိုးသား(၂)ဦး ဖြစ်ပြီး နံနက်(၁၀)နာရီခွဲအထိ ထပ်တိုးတွေ့ရသည့် (၃)ဦးမှာ အမျိုးသမီး(၃)ဦးဖြစ်ကြောင်း သိရပြီး ၎င်းတို့၏ နေရပ်လိပ်စာ နှင့် ၎င်းနှင့်ထိတွေ့သူများကို ကျန်းမာရေးဌာနက ဆက်လက် မေးမြန်းနေဆဲဖြစ်သည်။
တာချီလိတ်မြို့တွင် ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့မှ ဒီဇင်ဘာလ(၄)ရက်နေ့ နံနက်(၁၀)နာရီခွဲအထိ Covid-19 ပိုးတွေ့ရှိသူ စုစုပေါင်း (၆၀)ဦးရှိနေရာ (၁)ဦးမှာ ဒီဇင်ဘာလ(၂)ရက်နေ့က ဆေးရုံက ဆင်းခွင့်ရသွားပြီဖြစ်၍ လက်ရှိတွင် (၅၉)ဦး ရှိနေသည်။
Tachileik News Agency