တာချီလိတ်မြို့တွင် နေ့ဈေး နှင့် ညဈေးများလုံး Stay at Home ကာလတလျှောက် ဆက်လက် ပိတ်ထားရမည်

တာချီလိတ်မြို့တွင် နေ့ဈေး နှင့် ညဈေးများလုံး Stay at Home ကာလတလျှောက် ဆက်လက် ပိတ်ထားရမည်

Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် နေ့ဈေး ညဈေးများ ဆက်လက်ပိတ်ထားရမည်ဖြစ်ပြီး ဟင်းသီးဟင်းရွက် ပျံကျဈေးများ သတ်မှတ်အချက်တိုင်းသာ ရောင်းချရမည်

တာချီလိတ်မြို့တွင် Covid-19 အခြေအနေကြောင့် ဇူလိုင်လ(၂၀)ရက်နေ့အထိ ယာယီပိတ်ခိုင်းထားသည့် နေ့ဈေး နှင့် ညဈေးများ အားလုံးကို Stay at Home ကာလအတွင်း ဆက်လက် ပိတ်ထားရမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက အသိပေးထားကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ကူးစက်မှု မြှင့်တက်နေသည့်အတွက် နေ့ဈေး နှင့် ညဈေးများအားလုံးကို ၂၀၂၁ခုနှစ် ဇူလိုင်လ(၇)ရက်နေ့က စတင်ကာ ဇူလိုင်လ(၂၀)ရက်နေ့အထိ (၁၄)ရက်သတ်မှတ်ပြီး ပိတ်ထားရာမှ လက်ရှိတွင် Covid-19 အား ထိန်းချုပ်နိုင်ခြင်း မရှိသေးသည့်အပြင် Stay At Home လည်း သတ်မှတ်ထားသည့်အတွက် ဈေးများကို Stay at Home မရုတ်သိမ်းသေးသည်အထိ ဆက်လက် ပိတ်ထားရမည်ဖြစ်ကြောင်း သိရသည်။

ဈေးများပိတ်ထားရမည်ဖြစ်သော်လည်း နေ့စဉ် မရှိမဖြစ် စားသုံးကုန်များဖြစ်သည့် ဟင်းသီးဟင်းရွက်၊ သား/ငါးပျံကျဈေး ရောင်းချမှုများကိုတော့ ယခင်အတိုင်း နေ့စဉ် နံနက်(၁၁)နာရီအချိန်အထိသာ ရောင်းချခွင့်ပြုထားမည်ဖြစ်ကြောင်း သိရသည်။

ခွင့်ပြုထားစဉ် ကာလအတွင်း ဈေးသည်များအနေဖြင့် Covid-19 သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

Covid-19 တတိယလှိုင်းစတင်နေသည့် တာချီလိတ်မြို့တွင် ရက်ပေါင်း (၂၀)ကျော်အတွင်း ကူးစက်ခံထားရသူ (၇၀၀)ကျော်အထိ ရှိနေပြီး ဆေးရုံမှ ဆင်းခွင့်ရရှိသွားသူမှာ (၂၀၀)ဝန်းကျင်အထိ ရှိသည်။