ဂျပန်နိုင်ငံမှ ဘီယာထုတ်လုပ်သူတစ်ဦးက မြန်မာ့နွေဦးတော်လှန်ရေး အထိမ်းအမှတ်ဘီယာ ထုတ်လုပ်ကာ WITCH CRAFT Market တွင် ဈေးကွက်တင်ရောင်းချလာပြီး ရောင်းချရငွေကို လှူဒါန်းမည်ဟု သိရသည်။
မြန်မာနိုင်ငံသို့ အလည်အပတ်သွားရောက်ဖူးသည့် ဘီယာထုတ်လုပ်သူက စစ်အာဏာရှင်ကို တော်လှန်နေကြသည့် မြန်မာပြည်သူလူထုနှင့်အတူ ပါဝင်လုပ်ဆောင်နိုင်မည့်နည်းလမ်းကို ရှာဖွေရင်း မြန်မာ့နွေဦးတော်လှန်ရေးအထိမ်းအမှတ်ဘီယာဖြင့် ထောက်ခံအားပေးရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
"ဖြစ်နိုင်ရင် ကျွန်တော်ကိုယ်တိုင် အတူပါဝင် တော်လှန်လိုပါတယ်။ ဒါပေမဲ့လည်း အဝေးကနေ လုပ်နိုင်သမျှလုပ်ကိုင်ရင်း အတူပါဝင်နေပါတယ်။ လက်သုံးချောင်းထောင်ထားတဲ့အမှတ်အသားကတော့ စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အမှတ်အသားပါပဲ။ ဂျပန်မှာနေထိုင်သူများအနေနဲ့လည်း မြန်မာကို မေ့မထားကြပါနဲ့။ ပံ့ပိုးကူညီသူတိုင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်"ဟု ရေးသားထားသည်ကို တွေ့ရသည်။
https://witchcraftmaket.shop/items/60dd0604a1ea7c5bb1deb81a တွင် ဘီယာရောင်းချနေပြီး ရောင်းရငွေကို BRCJ (Japan Burmese Relief Center)မှတစ်ဆင့် လှူဒါန်းသွားမည့်အပြင် နွေဦးတော်လှန်ရေးအထိမ်းအမှတ် တီရှပ်များလည်း ထုတ်လုပ်ရန်စီစဉ်နေသည်ဟု သိရသည်